သံဖြူဇရပ် အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အ.လ.က (ခွဲ) စက်သစ်ကျောင်း၌ ဆောင်ရွက်သည်။
စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစာများ ကြိုးစားသင်ယူရင်း အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးကို အသိပေးဟောပြော သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် ဗဟုသုတရရှိစေမည့် စာအုပ်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်းနှင့် ဦးစီးဌာနရုံးချုပ်မှ ကျင်းပပြုလုပ်သည့် ပုံပြင်ပြောပြိုင်ပွဲတွင် သံဖြူဇရပ်မြို့နယ်မှ အထူးဆုရှိခဲ့သည့် ကျောင်းသူတစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)