လက်ပံတန်းမြို့ အ.ထ.က(ညောင်ဝိုင်း)၌ လူငယ်စကားဝိုင်းကျင်းပ

လက်ပံတန်း   အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အသိပညာဗဟုသုတမျှဝေဆွေးနွေးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က(ညောင်ဝိုင်း)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးမင်းထွန်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးမင်းထွန်းနှင့် မြို့နယ်စာပေချစ်သူများအသင်းဥက္ကဋ္ဌ ဆရာမြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ကာ GRADE-11 မှ မောင်‌အောင်အောင်သစ်နှင့် မနှင်းဝေလှိုင်တို့က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-11 မှ မောင်သူမင်းထိုက်နှင့် မသွန်းပန်းချီတို့က“လူငယ်နှင့်အားကစား” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့ကြပြီး ဆရာမဒေါ်တင်တင်ဌေးက ‌ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူးဦးဝင်းမောင်နှင့် ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)