ဟုမ္မလင်း အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် အာဆီယံသပြေပန်း စိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ နေကြောင်း သိရသည်။
“အာဆီယံသပြေ အပင် (၁၀၀၀) ကျော်စိုက်ပျိုးထားတာ ၈ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ မြို့တွင်းရောင်းချကြတဲ့ ပန်းသည်များနဲ့နမ် တော၊နောင်ပိုအောင်ဈေးသို့ သွားရောက်ရောင်းချသည့်ပန်းသည်များက ခြံထိလာရောက်ဝယ်ယူကြပါတယ်။ ယခုအခါ ပန်း( ၅)ခက်ကို ငွေကျပ် ၁၀၀၀ နဲ့ရောင်းရတဲ့အတွက် တစ်ရက်မိသားစု ဝင်ငွေ ကျပ် ၃၀၀၀၀ ကျော်ရရှိပါတယ်” ဟု အာဆီယံသပြေပန်း စိုက်ပျိုးသူခြံပိုင်ရှင် ဒေါ်တင်ရီက ပြောပါသည်။
ဟုမ္မလင်းမြို့နယ်တွင် အာဆီယံသပြေပန်းကို နေအိမ်ခြံဝင်းများအတွင်း စိုက်ပျိုးကြကြောင်း၊ နွေ၊ မိုး၊ ဆောင်းရေတင်စိုက်ပျိုးကြကြောင်း၊ မိုးရာသီ၌ အထွက်နှုန်းကောင်းပြီး ရောင်းအားပိုမို ကောင်းမွန်ကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)