မဟာအောင်မြေ အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးရှီးမွန်က လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကို ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက ကျောင်းသား/သူများအား လာရောက်ဟောပြောရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အားလပ်တဲ့အချိန်မှာ စာပေတွေကိုလေ့လာစေလိုကြောင်း၊ စာပေတတ်မြောက်မှသာလျှင် နိုင်ငံနှင့်လူမျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြာပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီဝင်းသူက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်ပြောကြာရာတွင် လူငယ်တွေအနေဖြင့် အသိပညာတိုးပွား အောင် စာပေကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် အခြားသောပြင်ပဗဟုသုတများကိုလည်းရှာဖွေသင့်ကြောင်းနှင့် ကျောင်းသား/သူများအား ယခုလူငယ်နှောင်ဝယ်လူကြီးဆိုသည့်အတိုင်း ငယ်ရွယ်စဉ်မှာ အမှားအမှန် ဝေဖန်နိုင်အောင် စာပေတွေကိုလေ့လာ့သင်ယူသင့်ကြောင်း၊ ကျောင်းနေအရွယ်မှာပညာကိုသာ ဦးစားပေး သင်ယူလေ့လာသင့်ကြောင်း စသည်များထည့်သွင်း ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးက အားကစားပစ္စည်းများကို လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပြီးနောက် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) ဆရာမဒေါ်မင်းမင်းခိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း