ပိုင်ကျုံမြို့ရှိ  ရော်ဘာစိုက်တောင်သူများ မိုးရာသီကုန်ဆုံးချိန်၌  ရော်ဘာစေးခြစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ပိုင်ကျုံ အောက်တိုဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ခြံလုပ်ငန်း များဖြစ်သည့် ရော်ဘာစိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ရော်ဘာပင်များကိုမိုးရာသီ၌ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းများ ယာယီရပ်နားလျက်ရှိပြီး မိုးအကုန်ဆောင်းအကူးအချိန်တွင် အစေးခြစ်ခြင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လျက်ရှိခြင်းကြောင့် ထက်ဝက်စား ရော်ဘာအစေးခြစ်ခြင်းလုပ်ကိုင်သူများနှင့် ရော်ဘာစိုက်တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးနှင့် အပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ရော်ဘာရာသီအစပိုင်းအချိန်၌ ရော်ဘာတစ်ပေါင်လျှင် ငွေကျပ်(၂၀၀၀နှင့်၃၀၀၀) ကြားရှိကြောင်းရော်ဘာပြားများကို ပိုင်ကျုံမြို့ရှိ အဝယ်ဒိုင်များနှင့်လည်းကောင်း အချို့မှာ ဘားအံမြို့ရှိ အဝယ်ဒိုင်များနှင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်းသိရသည်။

နော်ခူး(ပြန်/ဆက်)