အ.ထ.က ကျိုက်မရော၌ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် (စွမ်းရည် )ပြိုင်ပွဲကျင်းပ

ကျိုက်မရော အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတန်းလိုက် အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီ က အ.ထ.က ကျိုက်မရောကျောင်း၌ ကျင်းပသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ၈ ကျောင်း၊ အ.ထ.က(ခွဲ)(၁၁)ကျောင်း၊ အလယ်တန်းကျောင်း (၂၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၈)ကျောင်းမှ အင်္ဂလိပ်စာစွမ်းရည်ပြိုင်သူ(၁၂၀)ဦး၊ သင်္ချာဘာသာရပ်ဖြေဆိုသူ(၁၇၂)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြရာ မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးနှင့် ကျောင်းအုပ်ဆရာမကြီးများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြ​သည်။

ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)