တပ်ကုန်းမြို့နယ် မဲအင်းကျေးရွာဘုန်းတော်ကျောင်းသို့ ဆန်၊ ဆီ၊ ဆေးများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ မဲအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းမင်း ဦးစီးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိ ဿရဆရာတော်အား  ဆန်၊ ဆီ၊ ဆေးနှင့်ဝတ္ထုငွေကျပ် ၅၀၀၀၀ ဆက်ကပ်လှူဒါန်းခဲ့သည်။

ပုဂံမြို့ အာနန္ဒာမြတ်စွာဘုရားကြီး၏ ၉၃၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့အာနန္ဒာမြတ်စွာဘုရားကြီး၏ ၉၃၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲဖွင့်ပွဲ အခမ်းအနားကို အာနန္ဒာဘုရားကြီးအနီး ကွင်းပြင်ကျယ်တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ပျော်ရွှင်စွာ ဆင်နွှဲ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆို

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၄ ခုနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် (Biometric)အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဗလသိဒ္ဓိရပ်ကွက်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ငဖဲမြို့တွင် ပန်းဂေါ်ဖီဟင်းသီးဟင်းရွက် စိုက်ခင်းစိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၏ အရှေ့ဘက်လယ်မြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ပန်းဂေါ်ဖီဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုပုံမှန်ဝင်ငွေရရှိနေကြောင်း ဆောင်းသီးနှံများ စိုက်ပျိုးရောင်းချသူ တောင်သူ ဦးမျိုးက ပြောကြားသည်။

လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ ၄၁၂ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ဘားအံမြို့ တောင်ကလေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ တောင်ကလေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တပ်ကုန်းမြို့၌ ငရုတ်စိုက်ပျိုး၊ ရိတ်သိမ်းခြင်း၊ အအေးခန်းစနစ်ဖြင့် တင်ပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု၊ ရွေးစု ကျေးရွာတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ငရုတ်စိုက်ပျိုး၊ ရိတ်သိမ်းခြင်း၊ အအေးခန်းစနစ်ဖြင့် တင်ပို့ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာရေးစင်တာ(KC)ခန်းမတွင် ကျင်းပ ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်ရှိ MSME လုပ်ငန်းဖြစ်သည့် “သဘာဝအရသာ” ယိုမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းမှု

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။
Subscribe to