စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

စေတုတ္တရာ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်‌၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်‌စွာအောင်မြင်ခဲ့ကြသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ‌ကျောင်းနှင်းဆီခန်းမတွင် ကျင်းပသည်။

ထို့နောက် ပညာရည်ချွန်ဆုပေးပွဲတွင် အ.ထ.က(စေတုတ္တရာ)ကျောင်းမှ‌ ကျောင်းအုပ်ဆရာကြီးဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်စွာအောင်မြင်ခဲ့ကြသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲတွင် ပဥ္စမတန်းမှ နဝမတန်းထိ (A)အဆင့်ဖြင့် ထူးချွန်ဆုရရှိကြသူ ကျောင်းသား/ကျောင်းသူများအား တက်ရောက်လာ‌ကြသောဌာနဆိုင်ရာအကြီးအကဲများ၊ အ.ထ.က(စေတုတ္တရာ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များမှ ဆုများအသီးသီးပေးအပ်ခဲ့ကြီးနောက် အ.ထ.က(စေတုတ္တရာ)ကျောင်းအုပ်ဆရာကြီးက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်အောင်ပညာသင်ကြားပေးခဲ့သော အ.ထ.ကစေတုတ္တရာကျောင်းမှ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း ၂၀၂၄ ခုနှစ် ပညာရည်ချွန်ဆုများချီးမြှင့်ရာတွင် ပါဝင်ပေးကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်များ၊ အ‌ခြေခံပညာဦးစီးဌာနတာဝန်ရှိသူများ ဆရာ၊ ဆရာမများအား ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြား၍ ၂၀၂၄ ခုနှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာတွင် ကျောင်းသား/သူလေးများက တေးသီချင်း၊ အကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)