ပခုက္ကူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ကွက်အားလုံး ရာနှုန်းပြည့်ကောက်ယူပြီးစီး

ပခုက္ကူမြို့ အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်၍ စဉ်ဆက်မပြတ်ကောက်ယူလျက်ရှိရာ ယခုအခါကောက်ကွက်အားလုံးရာနှုန်းပြည့် ကောက်ယူပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးထံက သိရသည်။

ပခုက္ကူမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၅)ရပ်ကွက်ရှိပြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအချက်အလက်များကောက်ယူမှုလုပ်ငန်းကို တစ်ရက်လျှင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ ၁၇ ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ အောက်တိုဘာလ ၂၅ ရက်နေ့အထိ အိမ်ထောင်စုပေါင်း၂၁၅၇၀ စု၊ လူဦးရေ ၇၈၀၈၄ ဦး၊ စာရင်းကောက်ကွက် ၁၇၁ ကွက်အားလုံး ရာနှုန်းပြည့်ကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူနေမှုအား နယ်မြေခံတပ်မှ တပ်မမှူး ဗိုလ်မှူးကြီးဇော်မင်းထက်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုကြီးကြပ်ကာ လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းကောက်ယူရန်ကျန်ရှိသည့် အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)