စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေး အသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ပင်တလည်ကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းအောင်က ဘက်စုံထူးချွန်သော ကျောင်းသား/ကျောင်းသူများဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြီး ဟောပြောပွဲတွင် သေချာလေ့လာနားထောင်မှတ်သား ကြစေလိုကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက  အားလပ်သည့်မှာပညာရှာ ဆိုသည့်အတိုင်း ငယ်ရွယ်စဉ်အချိန်ကပင်  သုတရသစာပေများ ရှာဖွေ့လေ့လာ ဖတ်ရှုစေလိုကြောင်း အသိပညာပေးအကြောင်းများ ဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များ၊ အရွယ်မရောက်သေးသူ ကလေးများအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သဘာဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)