ရေဖြူ အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား/သူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ"သီချင်းဖြင့် သီဆိုကာအခမ်းအနားကို စတင်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က ပြည်သူများမှန်ကန်သည့် အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို အသိပညာပြည့်ဝသည့်လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ယနေ့ခေတ် လူငယ်များ၏ ဘဝသည်အလွန်အရေးကြီးပြီးပြုစု ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့်လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့်ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏အတွေးအမြင် ကောင်းများဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လူငယ်များ ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် များဖြင့် အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန်စသည့် အချက်များနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒါကြောင့်တိုင်းပြည်၏ စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများကျောင်းစာကြည့်တိုက်များကိုအသုံးချတတ် သည့်အလေ့အကျင့်ကောင်း များရရှိစေရန်အတွက်ဆရာ/ဆရာမများကဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့် အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူအားဂုဏ်ပြုဆုချီးမြှင့်ကာ၊ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက ကျပန်းစကားပြောပြိုင်ပွဲ(အလယ်တန်း) စာစီစာကုံး (အထက်တန်း)၊ စာစီစာကုံးပြိုင်ပွဲ(အလယ်တန်း)၊ ပုံပြောပိုင်ပွဲ(ထက်/လယ်/မူ)၊ ကဗျာရွတ်ပြိုင်ပွဲ(မူလတန်း)နှင့်အသိပညာပေးစာပေဆွေးနွေးပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်သည်။
ထို့နောက် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းစာကြည့်တိုက်မှူးဒေါ်ဝါဝါခိုင်က လက်ခံရယူပြီး အလှူရှင်များက အလှူငွေများ လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ထို့နောက် အ-ထ-ကရေဖြူ (Grade-2 )ကျောင်းသူလေးများက “ ကောက်စိုက်ချိန်"သီချင်းဖြင့် ကပြဖျော်ဖြေ၍အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်(၂၅)သိန်း၊ အလှူရှင်များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကပြဖျော်ဖြေသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)