ကဝ အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(မကျက်ကြီး) ကျောင်း၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(မကျက်ကြီး)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးလွင်က မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့် ဆောင်ရန်၊ ရှောင်ရန်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက်ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ပုံ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံတို့ကို ကျောင်းသားကျောင်းသူများနှင့်အတူ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၆၀) တက်ရောက်ခဲ့ကြောင်းသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)