ခန္တီး အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ အရည်အချင်းစစ်စာမေးပွဲအား အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)တွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ခန္တီးမြို့ပေါ်/ ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်းပေါင်း(၁၁)ကျောင်းမှ မူလတန်းအဆင့်(၃၃)ဦး၊ အလယ်တန်းအဆင့်(၆၂)ဦး စုစုပေါင်း (၉၅)ဦး ဝင်ရောက်ဖြေဆိုကာ ထူးချွန်ကျောင်းသား/သူ အင်္ဂလိပ်ဘာသာရပ်(၁၀)ဦး၊ သင်္ချာဘာသာ ရပ်(၁၀)ဦး စုစုပေါင်း(၂၀)ဦး ရွေးချယ်သွားမည်ဖြစ်သည်။ ထိုသို့ရွေးချယ်ခံရသူ ကျောင်းသား/သူများ အားမြို့နယ်အဆင့် ဆုများအသီးသီးပေးအပ်သွားမည်ဖြစ်ကာ လာမည့်နိုဝင်ဘာလအတွင်းကျင်းပမည့် တိုင်းဒေသကြီးအဆင့် စွမ်းရည်ပြိုင်ပွဲတွင် ပြန်လည်၍ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုရမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)