ကြံခင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ချင်းမြောင်)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း  အောက်တိုဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ချင်းမြောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အခြေခံပညာဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များအသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ချင်းမြောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး “လူငယ်နှင့်စာပေတန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊   Book Club အဖွဲ့ဝင် စာရေးဆရာ ဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးမျိုးဝင်း (ဆောင်းနတ်ရှင်)က “စာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသည့် မူးယစ်အန္တရာယ်လူ့ ရန်စွယ်၊  မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များကို  ပြသပေးခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (ချင်းမြောင်) ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)