လဲချားမြို့နယ် လူထုအခြေပြု (Community Centre) တွင် ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

လဲချား နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre)တွင် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေး‌မှ ကျောင်းသား/သူလူငယ်များအား စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာများများဖတ်စေရန်၊ ကာယစွမ်းရည်များ ပြည့်စုံစေရန်၊

ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသော စိတ်ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကာယစွမ်းရည်ပြိုင်ပွဲ သတ်မှတ်စည်းကမ်းချက်များကို ရှင်းပြကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ   ကျောင်းသား/သူ စုစုစုပေါင်း (၃၅)ဦး ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများအား  ဆုများနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လဲချား(ပြန်/ဆက်)