ကျောက်ဆည် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၁) နာရီခွဲအချိန်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးသည် တစ်ဦးတစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍မရနိုင်သောကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြေင်း၊ စက်ရုံများနှင့် မော်တော်ယာဉ်များမှ ထွက်ရှိသော မီးခိုငွေ့များ၊ ရေဆိုးများနှင့် လူတို့၏ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ရှိလာနိုင်သောကြောင့် မိမိကိုယ်တိုင် ကစပြီး မိမိပတ်ဝန်ကျင်နေရာများကို သန့်ရှင်းသပ်ရပ်စွာ နေထိုင်သွားကြစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စည်းကမ်းသည် လူ၏တန်ဘိုးဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းပြည့်ဝသည့်စံပြလူငယ်များဖြစ်အောင် နေထိုင်သွားကြစေလို ကြောင်းနှင့် လေထုညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများ၊ တောမီးလောင်ခြင်းများကြောင့် သဘာဝပတ်ဝန်ကျင်ထိခိုက်များ ဖြစ်လာပေါ်လာပြီး လူသားတို့၏ကျန်းမာရေးများ ထိခိုက်ခြင်း၊ အပင်နှင့်တိရိစ္ဆာန်များ၏ အသက်ရှင်နေထိုင်မှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ ရာသီဥတုများ ပြောင်းလဲလာခြင်းကြောင့် ပြည်သူများအားလုံးပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်မျာ၊ အရွယ် မရောက်သေးသည့် ကလေးငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ အလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ အား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)