ကျုံပျော် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း ယာဉ်အန္တရာယ်လျော့နည်းကျဆင်းရေး၊ ဘေးကင်းလုံခြုံစွာ သွားလာနိုင်စေရေးရည်ရွယ်၍ ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးအသိပညာပေးခြင်းကို ကျုံပျော်မြို့၊ မြို့ဦးကျောင်းရှေ့ ဗိုလ်ချုပ်လမ်းမကြီး၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ တာဝန်ရှိသူများပူးပေါင်း၍ မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့် စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်များပါရှိရေး၊ တုတ်၊ ဓါး၊ လက်နက်များ ယူဆောင်သွားလာမှုမပြုရေးတို့ကို စစ်ဆေးပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း မလိုက်နာသူများအား အရေးယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျုံပျော်မြို့နယ်အတွင်း ယာဉ်စည်းကမ်း အသိပညာပေးမှုများကြောင့် ယာဉ်မတော်တဆမှု လျော့နည်းခဲ့ပြီး၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်သောကြောင့် အသက်အန္တရာယ်ထိခိုက်မှု အထူးနည်းပါးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)