ငွေဆောင် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ငွေဆောင်မြို့မစျေး၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငွေဆောင်မြို့ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့လျှပ်စစ်ဦးစီးဌာနနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ တို့နှင့်အတူ မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများ၏ မီးရရှိမှု အခြေအနေ၊ မီးသုံးစွဲမှု အခြေအနေနှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်နိုင်သည့် အခြေအနေ ရှိ/မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြသည်။ ထို့နောက် စျေးသူ စျေးသားများအား အရေးပေါ်ဆက်သွယ်ရမည့် မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်များ ဖြန့်ဝေပေးကာ မီးသတ်ဆေးဘူး ၊ မီးချိတ် မီးကပ်၊ ရေ၊ သဲပုံးများ အသင့်ဆောင်ထားကြရန် ၊ မီးသုံးစွဲရာတွင် မပေါ့ဆကြရန်၊ မီးမလောင်ခင်၊ မီးလောင်နေစဥ်နှင့် မီးလောင်ပြီးလျှင် ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရသည်။
R – 014 (ငွေဆောင်)