ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာရပ်ကွက်(၁၀)တွင် ယမန်နေ့ ညနေ (၆း၄၅) နာရီကမီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၃) စီးနှင့် ရေသယ်ယာဉ် (၆) စီးတို့ဖြင့်ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့သည့်အတွက် ည(၇း၄၂) နာရီ အချိန်တွင် လုံးဝ မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။