ကန့်ဘလူ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ပျဥ်းမမြိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green School Award ဆုချီးမြှင့်နိုင်ရေးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှု ရှိ/မရှိ ခရိုင်ဆုရွေးချယ်ရေးအဖွဲ့က ဒုတိယအကြိမ်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်ဆုရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်သည့် ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း (၄) ချက်၊ အညွှန်းကိန်း (၁၇) ချက်နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များက ကျောင်းတွင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံပြသခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့သည့် ရလာဒ်များအပေါ်မူတည်၍ ဆုစိစစ်ရေးအဖွဲ့က ဆုရကျောင်းများကို တိုင်းဒေသကြီးနှင့်ခရိုင်များက ကျင်းပပြုလုပ်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် Clean and Green School Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)