ခန္တီး နိုင်ဝင်ဘာ ၁၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပုံတူပန်းချီရေးဆွဲနည်းပြိုင်ပွဲကိုပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတယဦးစီးမှူး ဒေါ်အေးအေးခန့်က ကျောင်းသား/သူလေးများ အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ ကာယစွမ်းရည်များဉာဏစွမ်းရည်များ မြင့်မားလာစေရန် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား/သူလေး(၁၅)ဦးက ယှဉ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကို ဗလာစာအုပ်နှင့်ဘော့ပင်များ လက်ဆောင်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။
အေးခိုင်(ပြန်/ဆက်)