နတ်တလင်း နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်(၄၈)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး၏လမ်းညွှန်မှု ဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအပါအဝင် နတ်တလင်းမြို့နယ်ကျောင်းတိုက်အသီးသီး၌ သီတင်းသုံးတော်မူသော ကျောင်းထိုင် ဆရာတော် ကြီး(၁၂၁)ပါးတို့အား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များမှ ဆန်အိတ်(၁၃၈)အိတ်(တန်ဖိုးငွေကျပ်- ၁၁၇၃၀၀၀၀) လှူဖွယ်ပစ္စည်းတန်ဖိုးငွေကျပ် (၁၄၄၉၃၅၀)၊ ငွေသားတန်ဖိုး(၆၄၅၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး(၁၃၈၂၄၃၅၀)ကျပ်တို့အား စုပေါင်း၍ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား သကျမဟာမြတ်မုနိဘုရားကြီး ဂန္ဓာကုဋိတိုက်မှ ဘုရားကြီးနတ်လမ်းတစ်လျှောက်ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)