ဟင်္သာတမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ အင်္ဂပိုလမ်းရှိဟင်္သာတခရိုင်မီးသတ်စခန်း၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိအရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါနေရာ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနေဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် “မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်များဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူတကွ မိမိတို့အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုပူးပါင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုလို လေ့ကျင့်ရေးမွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း နည်းပြဆရာများ၏ စာတွေ့လက်တွေ့ လေ့ကျင့်ခန်းများကို ကြိုးစားသင်ယူခဲ့ကြပြီး မိမိတို့ရပ်ရွာပြည်သူလူထု၏ အားကိုးယုံကြည် တန်ဖိုးထား လောက်သော အဖိုးတန် အရန်မီးသတ်သမားကောင်းများဖြစ်အောင် ကျိုးစားကြစေလိုကြောင်း”  စသည်ဖြင့် သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူး ဦးဥက္ကာမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာသင်တန်းသားများကိုယ်စား ဓမ္ဘီတိုက်နယ်အရန်မီးသတ် ဒုတပ်ခွဲမှူး ဦးရဲမင်းပိုင်မှ လက်ခံရယူခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်များ၊ဟင်္သာတခရိုင်မီးသတ်ဦးစီးဌာမှ တာဝန်ရှိသူများနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသင်တန်းသားများ စုစုပေါင်းအင်အား(၁၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ဟင်္သာတ)