လှည်းကူးမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၄)ဆင်းပွဲ ကျင်းပ

လှည်းကူး   နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (လေ့ကျင့်ရေးမွမ်းမံသင်တန်း၁/၂၀၂၄) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်သိန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးယုလွင်တို့ကဆုရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်လက်တွဲကာ ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကို အောက်တိုဘာလ(၂၁)ရက်နေ့မှ နိုဝင်ဘာလ (၁၅)ရက်နေ့အထိ ရက်သတ္တပတ် လေးပတ်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)