ကွန်ဟိန်း နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ကျောင်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲအား ယနေ့နံနက် (၉) နာရီခန့်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် “အမျိုးသား စိတ်ဓာတ်ပြည့်ဖို့ရာ ကျောင်းသားများ၏ တာဝန်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် “အမျိုးသား တာဝန်ထိန်းသိမ်းဖို့ တို့လူငယ်များ ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် “ရဲဝံ့ထက်သန် အမျိုးသားအားမာန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ကွန်ဟိန်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)