ကျောက်ဆည် နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းသီးနှံများစတင်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မိုးကြိုးတွင်းကွင်း၊ ကွင်းအမှတ် ၄၁/၁၊ ဦးပိုင်အမှတ် ၁၄၃၁ တောင်သူ ဦးမောင်ဌေး၏ ယာမြေ (၅)ဧကခွဲတွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဆောင်းကုလားပဲများစိုက်ပျိုးရာတွင် ရာသီဥတုနှင့်မြေအနေအထားအလိုက် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း တစ်ဧကအတွက် မျိုးစေ့(၁၂)ပြည် အသုံးပြု၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် အောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ရေ၊မြေနှင့်ကိုက်ညီသည့် ရေဆင်း(၁၃)ကုလားပဲများကို သိပ္ပံနည်းကျစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးကြောင်း၊ ကုန်ကျမှုအနေဖြင့် မြေပြုပြင်ခြင်း၊မျိုးစေ့တန်ဖိုး၊သွင်းအားစု၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် (၁)ဧက ငွေ(၆)သိန်းကျပ်ခန့် ကုန်ကျကြောင်း ကုလားပဲ စိုက်တောင်သူများ ပြောပြ၍ သိရသည်။
ကုလားပဲစိုက်တောင်သူများစီးပွားရေး အထွက်နှုန်းကောင်းပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲ အနီမျိုးများနှင့် ရေဆင်း(၃)၊ ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ခင်းများအောင်မြင်စေရေး လိုအပ်သည့်စိုက်နည်းစနစ်များ အနီးကပ်ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောက်(ကျောက်ဆည်)