ပိုင်ကျုံ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းတွင် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းမှ တိုးပွားရရှိစေရေးတို့အတွက် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးထူးဝင့်ကျော်က တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုးမင်းထွန်းက ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှု ပုံစံအဆင့်ဆင့်နှင့် အပင်ရှင်သန်ကြီးထွားမှုရှိရေး ဂရုပြုရမည့် အချက်များအား ရှင်းလင်းပြကြားခဲ့သည်။
ပိုင်ကျုံမြို့ရှိ ဒေသခံတောင်သူများသည့် အများအားဖြင့် မိသားစုစားသုံးဆီဖူလုံရေးနှင့် အပိုဝင်ငွေရရှိရေးအတွက် မြေပဲနှင့်နှမ်းများသာ စိုက်ပျိုးကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်းနေကြာ(၅၅)ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)