မိုင်းပျဉ်းမြို့ အ.ထ.ကကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အ.ထ.ကကျောင်းတွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းန‌ဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသက်လွင်က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ထူးချွန်ဆုရရှိသူများအား မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့မှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ဆရာမကြီးတို့ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို သင်တန်းနည်းပြ ကြက်ခြေနီတပ်ခွဲမှူး ဦးမင်းအောင်နှင့် သင်တန်းနည်းပြဆရာမ‌‌ ဒေါ်မြသက်ခိုင်တို့ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ သင်တန်းနည်းပြများအား အမှတ်တရ မေတ္တာလက်ဆောင်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က ပေးအပ်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အ.ထ.ကကျောင်း၏ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ အ.ထ.ကကျောင်းမှ သင်တန်းသား (၁၉) ဦးနှင့် သင်တန်းသူ (၄၆) ဦး၊ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြကာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အ.ထ.ကကျောင်းအုပ်ဆရာမကြီးနှင့် ဖိတ်ကြားထားသော ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)