မင်းဘူးမြို့၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော

မင်းဘူး နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျင်းပသည့် မီးခိုးမြူငွေ့ လျှော့ချရေးနှင့် သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် မင်းဘူးမြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက တောမီးလောင်ကျွမ်းမှုနှင့် ဖြစ်ပေါ်စေသော အကြောင်းအရာများကို လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခိုင်ချစ်ဆုဝေက မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ပရိုဂျက်တာများဖြင့် ရှင်းလင်းဟောပြောကာ မီးခိုးမြူငွေ့ လျှော့ချရေးနှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)