ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ စာရေးဆရာ ရဲမြင့် (စွန့်ဦးတီထွင်) ရေးသားသည့် "ကိုယ်ကျင့်တရား"စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၁)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။