ဒဂုံ နို၀င်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးကို ယမန်နေ့က ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို အသက် (၉) နှစ်မှ အသက် (၁၀) အတွင်းရှိ ကျောင်းသူများကိုလည်းကောင်း၊ ဆုံဆို့မေးခိုင်ကာကွယ်ဆေးကို အသက် (၅) နှစ်မှ (၇) နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ထိုးပေးခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးများ ကြိုတင်ကာကွယ်ထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေပြည်ဦးဆောင်သောအဖွဲ့နှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)