အထက်မင်းလှ နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်(ဆင်မတောင်- ညောင်ဝိုင်း)လမ်းပေါ်ရှိ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို အရည်အသွေးစစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆင်မတောင်-ညောင်ဝိုင်းလမ်းပေါ်ရှိရေကျော် ပေ(၂၀၀)တည်ဆောက်ပြီးစီးမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရှိစေရေးအတွက် မင်းလှမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သီရိဖြိုးဝေဝင့်နှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ(ရုံးချုပ်)မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးခိုင်မင်းစိုးတို့က ရေကျော်ကွန်ကရစ် slab အား Rebound Hammen Test စစ်ဆေးခြင်းတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် ကျေးလက်လမ်းများပေါ်ရှိ ရေကျော်များအား တည်ဆောက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး၊ ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)