မြို့သစ် နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးစာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် အသိပညာပေးစာအုပ်စာစောင်များ၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)