တောင်တွင်းကြီးမြို့နယ်တွင် မြို့နယ်အဆင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန်နှင့် ကျောင်းသင်ခန်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အထများဖြစ်စေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများ သိစေရန်ရည်ရွယ်၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ပိုမိုသိရှိပြီး ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊ စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေကာ ဘဝတစ်လျှောက်လုံး အောင်မြင်မှုများ ရရှိကြစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၆)ဦးက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ဦးအောင်သက် (တောင်တွင်းအောင်သက်ဦး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တိုက အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆုရရှိသူများအား အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)