ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နေထိုင်သော လားဟူတိုင်းရင်းသားများသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော လားဟူနှစ်သစ် ကူးပွဲတော်အထိမ်အမှတ်အဖြစ် စုပေါင်း၍ရိုးရာအကများကို ဝိုင်းဖွဲ့၍ လားဟူအမျိုးသား၊ အမျိုးသမီး များပါဝင်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မက်မန်းမြို့၊ ကွန်ဟောင်းကျေးရွာ၊ အားကစားကွင်းတွင် စုပေါင်းဆင်နွှဲလျက်ရှိသည်။