ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၂) နာရီအချိန်က ပင်လုံမြို့ အ​ခြေခံပညာအလယ်တန်းကျောင်း ကျူရုံး(မြို့)သို့သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။

ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပဲစင်းငုံသီးနှံများ အသီးအပွင့်ဝေဝေစာစာဖြင့် အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ခုနှစ် မိုးသီးနှံအဖြစ် နှမ်း၊ မြေပဲတို့နှင့် တစ်ချိန်တည်း စိုက်ပျိုးခဲ့ကြသည့် ပဲစင်းငုံသီးနှံများ အသီးအပွင့်ဝေဝေစာစာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိနေပြီး၊ သီးနှံခုတ်သိမ်းချိန်နီးပြီဖြစ်၍ ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ ဆီထွက်သီးနှံများစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ စိုက်ပျိုးရေးအသိပညာပေး စခန်း၌ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင်  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT)ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ယမန်နေ့နံနက် (၉:၃၀) နာရီအချိန်ကစ၍ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT)ဆေးထိုးနှံခြင်းအစီအစဥ်များ‌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အ-လ-က၂၁ ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အဆိုပါမြို့နယ်ရှိ   အ-လ-က -၂၁ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်‌(မြောက်ပိုင်း) မြို့နယ်၌ ခရိုင်အဆင့်  အဆင့်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးမှူးရုံး ခန်းမတွင် ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ လူမှုကူညီအသင်းအဖွဲ့များ ပူးပေါင်း၍ အဆင့်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ အမျိုးသမီးငယ်များအား အခွင့်အလမ်းများရရှိစေရေး သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ အမျိုးသမီးငယ်များအား အခွင့်အလမ်းများရရှိစေရေး သင်တန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ပခုက္ကူ နိုဝင်ဘာ ၁၉ ခရိုင်(ပြန်/ဆက်)

ကံမမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ်

ကံမမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ် ကံမ နိုဝင်ဘာ ၁၉ ကျော်ဇေယျဝင်း

မိုင်းယောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်

မိုင်းယောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက် မိုင်းယောင်း နို၀င်ဘာ ၁၉ ဝေဝေခိုင်(ပြန်/ဆက်)
Subscribe to