ပုဗ္ဗသီရိမြို့နယ်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား သက်သာချောင်ချိရေးအတွက် အခြေခံစားအုန်းဆီများအား စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့နံနက်က မြို့မစျေးကြီး၌ ဖြန့်ဖြူးပေးလျက်ရှိသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်မြို့၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ကာ အကြမ်းဖက်သမားများ တိုက်ခိုက်မှုများနှင့် ရေကြီးမြင့်တက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်များနှင့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ-ထ-က(ဘုတ်ပြင်း)ကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြူလွိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများ အသိပညာ ဗဟုသုတရရှိပြီး စာဖတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်သည်။

လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူ နေသူများအား အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ နိုဝင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံအားပေး၍ အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သရက်မြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်မှုအရ သရက်ခရိုင် သရက်မြို့နယ်အတွင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အခြေခံကျန်းမာရေးဝန်ထမ်းများက ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါများအကြောင်း သရက်မြို့ပေါ်ရှိ ရပ်ကွက်(၈)ရပ်ကွက်တွင် ကျောင်းကျန်းမာရေးဌာနနှင့် မြို့မကျန်းမာရေးဌာနတို့ ပူးပေါင်း၌၍ မြို့ပေါ်ရှိ အခြေခံမူလတန်းကျောင်း(၇)ကျောင်း မြို့နယ်အတွင်းရှိ ကျေးရွာ (၃)ရွာတို့တွင် ပြည်သူလူထုနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၁၅)ရက်နေ့ နံနက်(၁၀)နာရီက  အောင်သီရိမူလတန်းကျောင်းတွင် ပြင်းထန်းဝမ်းပျက်ဝမ်းလျောရောဂါ နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to