မြောင်းမြမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြည်သူလူထုအသက်အိုးအိမ်ပစ္စည်းများ၊ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်ရုံနှင့်အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က REGENCY စက်သုံးဆီဆိုင်၌ သရုပ်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။