စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် ဆောင်းသီးနှံ မြေပဲ ၅၁၄၁၀၁ ဧက စိုက်ပျိုးသွားမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ယခုနှစ် ဆောင်းမြေပဲ ၅၁၄၁၀၁ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းမြေပဲ ၃၆၀၈၅၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။