မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၂၁)နှစ်အောက် မွန်ပြည်နယ်အမျိုးသားဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အမျိူးသားဘောလုံအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး

မော်လမြိုင် နိုဝင်ဘာ ၁

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေးအားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်(၂၁)နှစ်အောက် မွန်ပြည်နယ်အမျိုးသား ဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အမျိူးသားဘောလုံအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်​ ပြည်နယ်ဝန်ကြီးတို့က အသက်(၂၁)နှစ်အောက် မွန်ပြည်နယ်အမျိုးသားဘောလုံးအသင်းနှင့် ကရင်ပြည်နယ် အမျိူးသားဘောလုံအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ​မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်မှုအပေါ် တာဝန်ရှိသူတို့က လက်ခံရယူပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)