ကလောမြို့၌ (၁၉)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ဒုတိယညအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၁၉)ကြိမ်မြောက် မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီက ဒုတိယညအဖြစ် ပြိုင်ပွဲဝင် မီးကြာစံအဖွဲ့များက မီးပဒေသာပင်များကို ကလောမြို့တွင်း စည်ကားသိုက်မြိုက်စွာလှည့်လည်၍ ‎‎ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် မေမြို့ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး  ဟောပြော‌ဆွေး‌နွေးပွဲကျင်းပ

လူငယ်ကဏ္ဍကို မြှင့်တင်‌‌ဆောင်ရွက်စေရန်နှင့် လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့‌နံနက် ၉ နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် မေမြို့ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်‌၀င်နီမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့တွင်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ၊ မင်္ဂလာအောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ပေးနေမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်ပွဲများသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ ဟိုပုံး နိုဝင်ဘာ ၁၉ ပအိုဝ်းဒေသ (ပြန်/ဆက်)

ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့် Social Media သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့် Social Media သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ ပျဉ်းမနား နိုဝင်ဘာ ၁၉ မျိုးသီဟ(ပြန်/ဆက်)

ပလောက်မြို့၊ ဘုရားကြီးကျောင်းတိုက်၊ ဓမ္မာရုံ၌ အရှင်သူရိယ၏ဓမ္မပူဇာသဘင် အထူးတရားပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊အမှတ်(၁) ရပ်ကွက်၊ ဘုရားကြီးကျောင်း ဓမ္မာရုံအတွင်း၌ ရန်ကုန်တိုင်း မြို့ရတနာကံလှ ကျောင်းတိုက်ဆရာတော် အရှင်သူရိယ၏ ဓမ္မပူဇာသဘင်အထူးတရားပွဲကို ယမန်နေ့ည ၇ နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ရာ ဓမ္မသဘင်ပွဲသို့ မ,တည်အလှူရှင်များနှင့် ရပ်ကွ

 မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စက်ခေါင်းမောင်း(ပညာသင်)သင်တန်း   အမှတ်စဉ် (၁၉/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ စက်ခေါင်းမောင်း (ပညာသင်)သင်တန်း အမှတ်စဉ်(၁၉/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲများကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
Subscribe to