ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်းတယ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို ကျုံးစံပြကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

 ဦးစွာ ပင်းတယမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးခန့်မင်းမော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချခြင်း၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးနှင့် သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ‌ကျောင်းဆရာ/ဆရာများနှင့် ကျောင်းသူ/ကျောင်းသားများအား အသိပညာပေးပြောကြားသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားပေးခဲ့ကြောင်းနှင့် ယနေ့ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းဆရာ/ဆရာမ (၁၀) ဦး၊ ကျောင်းသား/ကျောင်းသူ (၇၄)ဦး၊ စုစုပေါင်း (၈၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)