ပေါင်မြို့နယ် ပညာရေးမိသားစု (သတ္တမ)အကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ပေါင် နိုဝင်ဘာ ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပညာရေးမိသားစု (သတ္တမ) အကြိမ်မြောက် ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဒုတိယနေ့ပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီက မုကျိကျေးရွာ မဟာဗောဓိ‌စေတီတော်မြတ်၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေးက ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲများ ပြုလုပ်ကျင်းပခြင်းနှင့်စပ်လျဥ်း၍ လျှောက်ထားတင်ပြပြီး ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ပေါင်မြို့နယ်အတွင်းရှိ (အထက)နှင့် (အလက)ကျောင်းများ၌ ဓမ္မစကြာ တစ်ဖွဲ့လျှင် (၂၂)ဦး၊ ပြိုင်ပွဲဝင် (၁၉)ဖွဲ့၊ ပဌာန်းဒေသနာတော်တစ်ဖွဲ့လျှင် (၂၅)ဦး၊ ပြိုင်ပွဲဝင် (၁၃) ဖွဲ့တို့ဖြင့် နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၁၉)ရက်နေ့အထိ (၃)ရက်ကြာ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)