သံတောင်ကြီး နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီက ကျောင်းသားမိဘဆရာအစည်းအဝေး ပြုလုပ်သည်။
ဦးစွာ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသူ/ကျောင်းသားများ ကောင်းမွန်စွာပညာသင်ကြားနိုင်ရန်၊ ကျောင်းစည်းကမ်းများ လိုက်နာစေရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် ကျောင်းလုံခြုံရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ ကျောင်းသူ/ကျောင်းသားများ ဘက်စုံထူးချွန်စေရန် မိဘများကပံ့ပိုးသွားရန် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိဘများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြရန် မိဘဆရာပူးပေါင်းမှသာလျှင် ကျောင်းသူ/ကျောင်းသားများပညာရေးကောင်းမွန်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဆရာ/မများနှင့် ကျောင်းသားမိဘများက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းလိုအပ်ချက်များကို အပြန်အလှန်ပေါင်းစပ် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ