ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပလောက် နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ငှားရမ်းပေးခဲ့သည်။

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ဝါသနာပါသူများ၏ လက်ဝယ်အရောက် စာပေများ ငှားရမ်းဖတ်ရှုနိုင်ရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ပလောက်မြို့ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများအား အလှည့်ကျသွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

နှင်းမြူလွင်(ပလောက်)