ကမာရွတ်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV VACCINE) ထိုးနှံခြင်းနှင့် (DT VACCINE)ကာကွယ်ဆေးများထိုးနှံပေး

ရန်ကုန် နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်(HPV VACCINE) နှင့်(DT VACCINE)ထိုးနှံပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၁)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းအိကလျာထွန်းနှင့်အဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးဒေါ်သင်းသင်းနိုင်နှင့်ဝန်ထမ်းများ၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးဆန်းထွန်း၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသင်းသင်းနိုင်နှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ် ပြည့်ပြီး(၁၀)နှစ်မကျော်သော ကျောင်းသူများ အားသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV VACCINE)နှင့် (DT VACCINE)ထိုးနှံခြင်းလုပ်ငန်း၏ရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင်အမျိုး သမီးများ၌စတုတ္ထမြောက်အဖြစ်များသော ရောဂါဖြစ်ပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်ဆေးနှင့်ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများစသည်တို့ကို ကျောင်းသူများအား ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုကို တိုင်းမိခင်နှင့်ကလေးစောင့်ရှေုာက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌတို့က လိုက်လံအားပေး ကြည့်ရှုခဲ့ကြပြီး ကျောင်းသူများကို အာဟာရများတိုက်ကျွေးမှုကိုဆောင်ရွက်ခဲ့သည်။

 သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်အတွင်း မွေးဖွားသည့်မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)