နောင်မွန်းမြို့နယ်၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂါလံ၂၀၀၀ဆံ့ရေလှောင်ကန်တည်ဆောက်ခြင်းနှင့် ၂"(PVC)'(၁)မိုင်စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ် ၁၁ နာရီတွင် ချန်မယကျေးရွာ ၌ကျင်းပသည်။