နတ်မောက် နိုဝင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/ သူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ နှစ်စဉ်ကျရောက်လျက်ရှိသည့် နေ့ကြီးရက်ကြီးများအား အစဉ်အောင်းမေ့သတိရစေရန်၊ အနုပညာကို ချစ်မြတ်နိုးတတ်စေရန် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၄) ဦးတို့မှ “ ပြည်ထောင်စုကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးတွင် တစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီပံ့ပိုးရေး” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဆုများ အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်သည်။
လှဝင်း