တွံတေး၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

တွံတေး နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာအုပ်စု၊ လာကပုံကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍ သိရှိနာလည်နိုင်ရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ အချိန် အ.မ.က(မူလွန်)ကျောင်းတွင် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးသိန်းသန်းထွန်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီးများအကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်းစသည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရှိရသည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက လေ့လာကြည့်ရှုခဲ့ကြကြာင်းသိရှိရသည်။

အဆိုပါ ဟောပြောပွဲသို့ လာကပုံကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တွံတေးသား