လုပ်ငန်းခွင်ပြင်ပထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်အနားကျင်းပ

ကမာရွတ် နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Espace Hotel မှ အာမခံအလုပ်သမား ဦးမြင့်အောင်သည် ၉.၅.၂ဝ၂၃ ရက်နေ့တွင် အလုပ်တာဝန်ထမ်းဆောင်ရန်အလာတွင် Hotel ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့် ၁၂၇၄၀၀၀/- ကျပ် ခွင့်ပြုထုတ်ပေးခဲ့ပြီး အမြဲတမ်းအသန်စွမ်းမှုအတွက် (၇)နှစ်စာငွေလုံးငွေရင်း ၆၅၅၂ဝဝဝ/- ကျပ်အား ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကိုယေန့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှုမှု့ဖူလူံရေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ ဒု-ညွန်မှူး ဦးသိန်းနွဲ့ဦးမှ ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းတာဝန်ခံအရာရှိက ဦးမြင့်အောင်၏ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ငွေလုံးငွေရင်း ၆၅၅၂ဝဝဝ /- (ကျပ်ခြောက်ဆယ့်ငါးသိန်းငါးသောင်းနှစ်ထောင်တိတိ)ကို သားဖြစ်သူ ဦးအောင်မြင့်မြတ်ထံသို့ အလုပ်ဌာနမှ တာဝန်ရှိသူများ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ WCC အဖွဲ့ဝင်များ ရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

မြို့နယ်(ပြန်ဆက်)